ဗိသုကာ နိဒါန်း
ဗိသုကာ နိဒါန်း Academic Weekly Educational Journal (Junior) Vol.4, No.22 ဗိသုကာပညာရပ် နှင့် ဗိသုကာပညာရှင်လို့ ဆိုလိုက်လျှင် လူတော်တော် များများက သူတို့နဲ့ ဝေးသွားသလို ခံစားရပါတယ်။ စာရေးသူရဲ့ အမြင် မှာတော့ မဝေးပါဘူး။ ငယ်စဉ်ကတည်းက စာရေးသူတို့ စိတ်ထဲမှာ ဗိသုကာ နဲ့ ပတ်သက်တဲ့ ဖန်တီးမှုတွေနဲ့ အခြေခံ ယူဆချက်တွေ မသိစိတ်ထဲ စွဲနေခဲ့ ပါတယ်။ ဥပမာ- ငယ်စဉ်က ခြေတံရှည် အိမ်ပုံလေး ဆွဲတဲ့အခါမှာ အိမ် အပေါ်ထပ်ကို တက်ဖို့ လှေကားထည့်သွင်းရမှန်း သိတယ်။ ခြံဝင်းလေး အတွင်း သစ်ပင်ပန်းမန်များနှင့် ရေအသုံးပြုဖို့ ရေတွင်းပုံလေး ထည့်သွင်း ဆွဲရမှန်း သိပါတယ်။ လူတွေရဲ့ အခြေခံ လိုအပ်ချက်ဟာ ဘာလဲ ဆိုတာကို စာရေးသူတို့ ငယ်စဉ်ကတည်းက သတိထားမိပါတယ်။ ဒါတွေဟာ ဗိသုကာ ပညာရပ်ရဲ့ အခြေခံအချက် ဖြစ်ပါတယ်။ စာရေးသူတို့နဲ့ မစိမ်းခဲ့ပါဘူး။ ဗိသုကာပညာရပ်ကို အင်္ဂလိပ် အခေါ်အဝေါ်နဲ့ဆို အာခီတက်ချာ (Architecture) လို့ သုံးနှုန်းပါတယ်။ ထိုပညာရပ်နဲ့ အသက်မွေးဝမ်း ကြောင်းပြုနေသူကို အာခီတက် (Architect) လို့ ခေါ်ဝေါ် သုံးနှုန်းလေ့ ရှိပါ တယ်။ မြန်မာဘာသာ အသုံးအနှုန်း မှာတော့ ဗိသုကာ ပညာရပ် နှင့် ဗိသုကာပညာရှင် ဟူ၍ အသုံးပြု ပါတယ်...