မေး။ ။ ဆရာ Architecture မှာ Space ကို Define တယ််ဆိုတာ ဘာကို ခေါ်တာလဲ။ Space အကြောင်း ရှင်းပြပေးပါ။
ဖြေ။ ။ အရှင်းလင်း ဆုံး ရှင်းပြပါရစေ။ "Space" ဆိုတာကို ဗိသုကာ မှာ "ဟင်းလင်း" လို့ ခေါ်ဝေါ် သုံးနှုန်းလေ့ ရှိပါတယ်။ ဟင်းလင်း ဆိုတာ ဘာမှ မရှိတဲ့ အရာ။ ရှိလာအောင် ဖန်တီးဖို့က ဗိသုကာပညာရှင် ရဲ့ တာဝန်။ ဆိုကြပါစို့ ဘာမှ မရှိတဲ့ မြေကွက်လပ် အကျယ် တစ်ခုကို ဘောလုံး ကွင်း ဖန်တီးမယ် ဆိုပါစို့။ ဂိုးတိုင် (၂) ခုထား ပြီး သက်ဆိုင်ရာ မျဉ်းကြောင်းတွေ ဆွဲလိုက်တာ နဲ့ ဘောလုံးကွင်းရယ် လို့ ခေါ်ဝေါ် သုံးစွဲ လို့ ရသွားပါပြီ။ ဒါ Space (ဟင်းလင်း) ကို Define (သတ်မှတ်) တယ်လို့ ခေါ်ပါတယ်။ အဲ့သည့် ဘောလုံးကွင်း လုပ်မယ့် မြေကွက်လပ် မှာပဲ တရားပွဲ လုပ်မယ် ဆိုပါစို့။ ဘုန်းကြီး ပလ္လင် ကိုတော့ ဘယ်နား နေရာချမယ်၊ လူပုဂ္ဂိုလ်တွေတော့ ဘယ်နားထိုင်ရမယ် စသည့်ဖြင့် အခင်းအကျင်း ဖန်တီး လိုက်ပြီဆိုရင်ကို တရားပွဲ လုပ်မယ့် နေရာလို့ ခေါ်လို့ ရသွားပါပြီ။ ဒီ မြေကွက်ကိုပဲ Define (သတ်မှတ်) တဲ့ အပါ် မူတည်ပြီး အသုံးပြုမယ့် အရာ နဲ့ အသုံးအနှုန်းကွာသွားတယ်နော်။ ရေပြင်ညီ ဟင်းလင်း (Space) ကို Define (သတ်မှတ်) ဖို့ နည်းလမ်း (၄) မျိုး ရှိပါတယ်။
၁။ Base Plane
၂။ Base Plane elevated
၃။ Base Plane depressed
၄။ Overhead Plane ဆိုပြီး ရှိပါတယ်။
ဥပမာ- ဆရာတို့ ပန်းခြံတစ်ခုကို အပန်းဖြေဖို့ သွားတယ် ဆိုပါစို့။ မြက်ခင်းပြင် ပေါ် ကိုယ့်မှာ ပါလာတဲ့ အခင်းဖျာ ကို ခင်းပြီး ထိုင် ကြတယ်ပေါ့။ ဖျာ ကို ခင်းလိုက်ပြီဆိုတာနဲ့ ဖျာ နဲ့ ဘေးက မြက် နဲ့ နေရာ ခွဲခြား သတ်မှတ် လိုက်တာပဲ။ ဖျာ အပေါ်မှာပဲ ထိုင်ဖို့ရာ ဖြစ်သွား စေပါတယ်။ ဒါကို Base Plane နဲ့ ဟင်းလင်း (Space) ကို Define တယ် ခေါ်ပါတယ်။ (ပုံ ၁)
(ပုံ ၁)
နောက်တစ်ခုကကျတော့ Base Plane ကို မြှင့်ပြီး Space ကို Define တာပါ။ ဘယ်နေရာတွေမှာ အဓိက အသုံးပြု လည်း ဆိုတော့ စေတီ နဲ့ ဘုရားကျောင်း တည်တဲ့ နေရာတွေ မှာ အသုံးပြုတက်ပါတယ်။ ဘာသာရေး အဆောက်အဦတွေကို တောင်ကုန်း အမြင့်တွေ အပေါ်မှာ တည်ဆောက်လေ့ရှိကာ သာမန်ထက် မြင့်မြတ်တယ်ဆိုတာ ပြသနေပါတယ်။ ဒီသဘောတရားကို အိမ် ဒီဇိုင်းများမှာလည်း Space ကို တစ်မူထူးအောင် အသုံးပြုနိုင်ပါတယ်။ ထမင်းစားခန်းကို အနည်းငယ် မြှင့်လိုက်တာတို့။ တခြား Space နဲ့ Define မတူအောင် ဖန်တီး နိုင်ပါတယ်။ (ပုံ ၂)
(ပုံ ၂)
သူနဲ့ ဆန့်ကျင်ဘက်က Base Plane ကို နိမ့်ပြီး Space ကို Define တာပါ။ ဥပမာ- တချို့သော အိမ် ဒီဇိုင်းလေးတွေမှာဆို ဧည့်ခန်း (Living Room) ကို အနည်းငယ် နိမ့်ပြီး တခြား Space တွေ နဲ့ မတူအောင် ဖန်တီးလေ့ ရှိတာကို တွေ့မြင်ဖူးမှာပါ။ ဒါကို Base Plane Depressed လို့ ခေါ်ပါတယ်။ (ပုံ ၃)
(ပုံ ၃)
နောက်ဆုံး တစ်ခုက Overhead plane ပါ။ အမိိုး တစ်ခုကို မိုး လိုက်တဲ့ အခါ ထို အမိုးအောက်ရဲ့ ဧရိယာကို ထို အမိုးက ပိုင်ဆိုင်သွားပါတယ်။ ဆိုကြပါစို့။ ပေါ်တီကို တစ်ခုအောက်မှာ မိုး ခိုကြတယ်ဆိုပါစို့။ ပေါ်တီကို အကျယ် အဝန်း ရှိသလောက် လူတွေ မိုး မစိုပဲ မိုးခို နိုင်မှာ ဖြစ်ပါတယ်။ တနည်း Space ကို မြေပြင်ပေါ်က မဟုတ်ပဲ အပေါ်ကနေ Define (သတ်မှတ်) ယူလိုက်တာပါပဲ။ (ပုံ ၄)
(ပုံ ၄)
ကျန်တဲ့ Space ကို Define နိုင်တဲ့ အရာတွေ ရှိပါသေးတယ်။ နံရံတွေကလည်း Space ကို Define ပေးပါတယ်။ အခန်း (၂) ခန်း ကြားထဲ နံရံ ကန့်လိုက်တာနဲ့ တဖက် နဲ့ တဖက် အသုံးပြုမယ် ဆောင်တာ ပြောင်းလဲ သွားစေပါတယ်။ ဟင်းလင်း (Space) အပေါ် နေရာချထား သတ်မှတ်မှုဟာ ဗိသုကာမှာ အရေးပါ ပါတယ်။ နောက်ထပ် ဥပမာ ဆိုရရင်- မနက် အိပ်ယာထ အလုပ်သွား တဲ့ အခါ အဝတ်အစား ပြင်ဆင် ဝတ်ဆင်ကြပါတယ်။ နဂိုမူလ လူရဲ့ ခန္ဓာကိုယ်ဟာ ဘာမှ မရှိသေးတဲ့ ဟင်းလင်း (Space) တစ်ခုလို့ ဆိုနိုင်ပါ တယ်။ ဟင်းလင်းလို့ တင်စားထားတဲ့ ခန္ဓာကိုယ် ပေါ်မှာ လိုက်ဖက်ညီ နိုင်တဲ့အဝတ်အစားကို သေချာရွေးဝတ်ပြီး ပြင်ဆင်ကြပါတယ်။ ဖိနပ် နေရာ ဖိနပ်၊ ဘောင်းဘီနေရာ ဘောင်းဘီ။ လိုက်လျော ညီထွေ ဝတ်ဆင် နိုင်မှုကိုပင် ဖက်ရှင်ကျတယ်လို့ ဆိုနိုင်ပါတယ်။ ထို့အတူပင် အဆောက် အဦတစ်ခုဟာ လူ့ခန္ဓာကိုယ် ကဲ့သို့ပင်။ ဗိသုကာ ပညာရှင် တစ်ယောက် ဘာမှ မရှိသေးတဲ့ အရာကို ရှိလာအောင် ဖန်တီးမယ်။ ဖန်တီးတဲ့ အရာဟာ ဘယ်လောက် လိုက်လျော ညီထွေ နေရာချနိုင်မှု တနည်းအား ဖြင့် ဟင်းလင်း အပေါ် ဘယ်လောက် သတ်မှတ်နိုင်မှု စသည်တို့ဟာ ဗိသုကာ ပညာရှင်၊ ဒီဇိုင်နာရဲ့ ဖန်တီးနိုင်စွမ်း အပေါ် မူတည်သွားပါတယ်။
ချစ်ခြင်းများစွာဖြင့်
ဇော်ကိုကို (ဗိသုကာ)
Comments
Post a Comment