အဆင့်မြင့်နည်းပညာသုံး ဗိသုကာလက်ရာဟန် (High-Tech Architecture)
'အဆင့်မြင့်နည်းပညာသုံး ဗိသုကာလက်ရာဟန်' သည် ဗိသုကာပုံစံသစ်ဖြစ်ပြီး အဆင့်မြင့် နည်းပညာ စက်မှု လုပ်ငန်းအသစ်များ နှင့် အဆင့်မြင့်ဆောက်လုပ်ရေးနည်းစနစ်များကိုအဆောက်အဦဒီဇိုင်းတွင် ထည့်သွင်း ဒီဇိုင်းဆွဲထားသော ဗိသုကာလက်ရာဟန် တစ်ခုဖြစ်ပါတယ်။ ထို့အပြင် 'နှောင်းပိုင်းခေတ်မီခြင်း' (သို့မဟုတ်) 'အဆောက်အဦဖွဲ့စည်း တည်ဆောက်မှုတွေကို အရှင်းအတိုင်းဖော်ပြမှုဝါဒ' ဟုလည်းလူသိများကာ ၁၉၇၀ ပြည့်လွန်နှစ်များတွင် ငြီးငွေ့စရာ ဗိသုကာလက်ရာများကို တုန့်ပြန်မှု တစ်ခု အဖြစ် ပေါ်ထွန်းခဲ့သော ဗိသုကာ လက်ရာဟန် ဖြစ်ပါတယ်။ High Tech ကို မကြာခဏ မော်ဒန် ဗိသုကာလက်ရာဟန် နှင့် ပို့စ် မော်ဒန် ဗိသုကာလက်ရာဟန် တို့အကြား ဆက်စပ်မှုအဖြစ်ရှုမြင်ခဲ့ကြပါတယ်။
High Tech သည် ၁၉၆၀ ပြည့်လွန်နှစ် နှောင်းပိုင်း ဗြိတိန် မော်ဒန်ဗိသုကာပညာ၏ တိုးတက်မှု တစ်ခုဖြစ်ခဲ့ပါတယ်။ အင်ဂျင်နီယာပညာရပ်၊ ဆောက်လုပ်ရေးနည်းပညာ အသစ်များ နှင့် ဗိသုကာ ဟင်းလင်း (Space) အပေါ် အကောင်းဆုံး သတ်မှတ် ဒီဇိုင်းထုတ် ဖန်တီးခဲ့ပါတယ်။ High Tech သည် ပေါ့ပါးသော ဆောက်လုပ်ရေး မျက်နှာပြင်များ၊ အင်ဂျင်နီယာနှင့်အခြားနည်းပညာများမှ နည်းစနစ်အသစ် များကို အသုံးပြု ရန် လိုက်နာခဲ့ပြီး အဆောက်အဦ ၏ ဆောက်လုပ်ရေးနှင့် ၀န်ဆောင်မှု များကို အရှင်းအတိုင်း ထုတ်ဖော် ပြသ ထားလေ့ရှိပါတယ်။
နော်မန်ဖော်စတာ (Norman Foster) နှင့် ရစ်ချက် ရော်ဂျာ (Richard Rogers) တို့သည် ထို ပြောင်းလဲမှုကို ဦးဆောင်ခဲ့သော အဓိက ဗိသုကာပညာရှင်များဖြစ်ပြီး ပြောင်းလဲမှုများကို ၁၉၇၀ ပြည့်နှစ်မှစတင် အကောင် အထည်ဖော်ခဲ့ကြပါတယ်။ အဆင့်မြင့်နည်းပညာသုံး အဆောက်အဦများကို များသောအားဖြင့် သံမဏိ နှင့်အခြားသတ္တုများ အသုံးပြု တည်ဆောက်လေ့ ရှိပါတယ်။ အဆောက်အဦအတွင်းရှိ ၀န်ဆောင်မှုများ (ပိုက်များ၊ လေပြွန်များ၊ ဓာတ်လှေကားစသည်တို့) ကို လှစ်ပြပြီး အရှင်းအတိုင်း အပြောက်အမွှမ်းတစ်ခုပမာ ဖော်ပြပါတယ်။ တစ်ခါတရံ တောက်ပ ချောမွေ့သော အရောင်များ နှင့် မှန်များကို အသုံးပြု ဒီဇိုင်းဆွဲလေ့ ရှိပါတယ်။
အဆင့်မြင့်နည်းပညာဗိသုကာဟန် ကို အဓိက ဒီဇိုင်းထုတ်ခဲ့သည့် ထင်ရှားတဲ့ ဗိသုကာ ပညာရှင် များကတော့ -Norman Foster, Richard Rogers, Renzo Piano, Michael Hopkins နှင့် Jean Nouvel တို့ပဲ ဖြစ်ကြပါတယ်။
ထင်ရှားသော အဆင့်မြင့်နည်းပညာဗိသုကာဟန် အဆောက်အဦများမှာ-
City Hall, London.
Bank of China Tower.
Lloyds of London.
Allianz Arena, Munich.
Centre Pompidou.
Beetham Tower, Manchester.
Internationales Congress Centrum, Berlin.
HSBC Headquarters, Hong Kong.
Listing of Sainsbury's supermarket in Camden Town.
Channel Four Television Headquarters.
Schlumberger Research Laboratories, Cambridge.
Renault parts distribution centre, Swindon.
Grand Union Walk housing, London.
TV-am building, Camden.
ချစ်ခြင်းများစွာဖြင့်
ဇော်ကိုကို (ဗိသုကာ)
Comments
Post a Comment