မေး ။ ။ ဆရာ ဗိသုကာပညာရှင်/ဒီဇိုင်နာတွေ Computer software နောက်လိုက် သင့်လား။ သုံးသင့်လား။

 ဖြေ။ ။ တက်သင့်/သုံးသင့် ကြောင်း မပြောခင် ဆရာ ခဏ အရင် ရှင်းပြပါမယ်။ University of Liverpool က Lecture တစ်ယောက်နဲ့ ဆရာ စကားပြော ဆွေးနွေးဖူးတယ်။ သူတို့ဆီက ဗိသုကာ ကျောင်းသား/သူတွေက အတန်းငယ်တွေ ဖြစ်တဲ့ ပထမနှစ်/ဒုတိယနှစ်တွေမှာဆို ကွန်ပျုတာ Software လုံးဝ သုံးခွင့် မပေးဘူး။ အတန်းကြီးလာရင်တော့ သုံးခွင့်ပေးပါတယ်။ ရာခိုင်နှုန်း အနေနဲ့ ရှင်းပြကြေးဆို ဒီဇိုင်းစဉ်းစားမှု အဆင့်ဆင့်က (၈၀) ရာခိုင်နှုန်းဆို ကျန်တဲ့ (၂၀) ရာခိုင်နှုန်းက Graphical Presentation အနေနဲ့ အမှတ်ယူ ပါတယ်။အမှတ်ပေးစနစ်မှာပါ Graphical Presentation က ပါဝင်နေပါတယ်။ နောက်တစ်ခုက မြန်မာနိုင်ငံရဲ့ အခြေအနေ အရပါ။ အာခီတက်/ဒီဇိုင်နာ အလုပ်ခေါ်ရင် ဘယ် Software (တော်တော်များများ) တွေတော့ တက်မြောက် ရမယ်ဆိုပြီး ခေါ်လေ့ရှိပါတယ်။ Junior/Assistant Architect/ Designer ရာထူးနဲ့ တက်မြောက်ရမယ့် Software မတက်မြောက်ရင်တော့ အလုပ်ရဖို့ ခဲယဉ်းပါမယ်။ စားဝတ်နေရေး ကလည်း တဖက်က အရေးကြီးတာလည်း ပါတာပေါ့လေ။ ဝင်လုပ်ကြရတာပါပဲ။ Architect/ Designer ကြီး တစ်ယောက်လို Design စဉ်းစားဖို့ ဆိုတာထက် တစ်နေ့၊တစ်နေ့ Computer software တွေနဲ့သာ နှစ်ပါးသွားနေမှာပါ။ 

 
ဒါကြောင့် ပေါ်ပေါက်လာတဲ့ Software အကုန်ဆိုတာထက် အရေးကြီး အသုံးများတဲ့ software တွေကို မဖြစ်မနေတက်သင့်ပါတယ်။ မဟုတ်ရင် ကျန်ခဲ့မှာပါ နိုင်ငံတကာ နဲ့ ယှဉ်ရင်လည်း။ ဒါ့ကြောင့် ကျောင်းသား/သူတွေ ကို အကြံပေးချင်တာ နှစ်တွေ အများကြီးနဲ့တောင် ပညာရပ်ကို လေ့လာဆည်းပူးခဲ့ပြီပဲ လပိုင်းနဲ့ တက်မြောက်လာနိုင်မယ့် Software တွေကို ထိတွေ့ တက်မြောက်သင့်ပါတယ်။ တစ်ခုတော့ ရှိပါတယ်။ ကိုယ်က အတွေ့အကြုံတွေ အရမ်းများပြီး Chief Architect/Principle Architect အနေနဲ့ ဖြစ်လာပြီဆိုရင်တော့ ထပ်ပေါ်ပေါက်လာတဲ့ Software တွေ မလေ့လာချင်ရင် မလေ့လာလို့ ရပါတယ်။ ဘာလို့လည်းဆိုတော့ အဲ့ အချိန် ခင်ဗျား သူများကို ပြန် ခိုင်းပြီလေ။ ဒါတောင် အမှန် ကိုယ်က ဦးဆောင်သူ Leader အနေနဲ့ဆို ကိုယ် တက်သိတော့ မကောင်းဘူးလားဗျာ။ ဒီလောက်ဆို အဖြေ လုံလောက်ပါပြီနော်။
 
ချစ်ခြင်းများစွာဖြင့်
ဇော်ကိုကို (ဗိသုကာ)

Comments

Popular Posts