Modern Architecture နှင့် Contemporary Architecture

 ကျွန်တော်ကို Page msg box ကနေ ကျောင်းသူလေး တစ်ယောက်က Modern နှင့် Contemporary ဗိသုကာ လက်ရာဟန် ကွာခြားချက်လေး မေးလာပါတယ်။ ဖြေကြည့်ရအောင်ပါ။ ဒီနေရာမှာ စာရေးသူတို့ အချိန် ဆိုတာနဲ့ စ ခွဲကြည့်ရအောင်။ မော်ဒန် ဗိသုကာလက်ရာဟန်ဟာ ၁၉၉၀-၁၉၅၀ အတွင်းသာ ပေါ်ပေါက်ခဲ့တဲ့ ဗိသုကာလက်ရာဟန် တစ်ခုပါ။ Contemporary ဗိသုကာလက်ရာဟန်ကတော့ ၁၉၇၀ အလွန်မှသာ ပေါ်ပေါက်လာတာပါ။ သူ့ အချိန်နဲ့သူ ပေါ်ပေါက်လာတဲ့ ဗိသုကာလက်ရာဟန််တွေကို ကြည့်ခြင်းဖြင့်လည်း ခွဲခြားနိုင်ပါတယ်။ နောက် တစ်ချက်က စကားလုံး အသုံးအနှုန်းပေါ့လေ။ Contemporary ဆိုတဲ့ အဓိပ္ပါယ်က "ခေတ်ပြိုင်/မျက်မှောက်ခေတ်" ဖြစ်ပါတယ်။ ယခုခေတ်မှာ ဗိသုကာလမ်းကြောင်း ဘယ်ဘက်ကို သွားနေ သလဲ။ ဆိုကြပါစို့ ယခုခေတ်မှာ အဆောက်အဦ ဒီဇိုင်းဆွဲ တည်ဆောက်ကြရာမှာ သဘာဝ ပတ်ဝန်းကျင် နဲ့ သဟဇာတ ဖြစ်အောင် စဉ်းစားလာကြပါတယ်။ လူသားအကျိုးပြု ဗိသုကာ (Green Architecture) လမ်းကြောင်းကိုလည်း ဦးတည်ကာ အကောင်အထည်ဖော်လေ့ ရှိပါတယ်။ 

 စာရေးသူတို့ နိုင်ငံမှာသာ လူသား အကျိုးပြု ဗိသုကာ (Green Architecture) နဲ့ တည်ဆောက်ထားတဲ့ ဗိသုကာ ဒီဇိုင်း ယခု ပေါ်ကြည့် ခေတ်ပြိုင် ဗိသုကာလက်ရာဟန် (Contemporary Architecture) လို့ စာဖတ်သူတို့ ခေါ်နိုင်ပါတယ်။ အချုပ်အားဖြင့် ဆိုရရင် စာဖတ်သူတို့ ဒီ စကားရပ် (၂) ခုကို ခွဲသာ စဉ်းစားပါ။ ဗိသုကာ လက်ရာဟန် (Architecture Style) ဘက်က ကြည့်ရင် မော်ဒန်/ ပို့စ် မော်ဒန် စသည့်ဖြင့် ယခုခေတ် ဒီဇိုင်းတွေကို ဆိုနိုင်ပါတယ်။ ဗိသုကာ လမ်းကြောင်း (Trend) ဘက်က ကြည့်မယ်ဆိုရင်တော့ ယခု မျက်မှောက်ခေတ်မှာ ဘာ ခေတ်စားနေလဲ။ ထို အတိုင်း ဖန်တီးထားတယ်ဆို Contemporary ပါ။ ဒီလောက်ဆို ရှင်းလောက်ပါပြီနော်။
 
ချစ်ခြင်းများစွာဖြင့်
ဇော်ကိုကို (ဗိသုကာ)

Comments

Popular Posts