ဘရူတယ်လစ်စ် ဗိသုကာလက်ရာဟန် (Brutalist Architecture)

 

ခေတ်ရေစီးကြောင်း တစ်ခုဟာ စက်ဝန်းပမာ။ အသစ်တွေ မည်မျှပင် ပေါ်စေကာမှု အဟောင်းဘက်ကို ပြန်လှည့် ဖန်တီးကာ နောက်ထပ် အသစ် တဖန်ပြန်လည် မွေးဖွားလေ့ရှိပါတယ်။ ဒီအချက်ဟာ ဖက်ရှင်၊ ဂီတ နှင့် အနုပညာ အတွက် ပိုမှန်ကန်စေမှာပါ။ ဒီ ဖြစ်ရပ်ကိုတော့ ဗိသုကာလက်ရာဟန် တစ်ခုဖြစ်တဲ့ Brutalism က သတ်သေထူနေပါတယ်။ Brutalism ဟာ ၁၉၇၀ ခုနစ် အလယ်ပိုင်းကာလများ မှာ အထွက်အထိပ်သို့ ရောက်ရှိခဲ့ပြီး အရသာ မကောင်းတဲ့ ပုံစံ တစ်ခု အဖြစ် ပြိုလဲသွားခဲ့ပါတယ်။ ဂျက်မြသောင်း သီချင်းလို အခြေအနေတွေက အမြဲ ပြောင်းလဲနေတယ် အချစ်ရေလို့ စာဖတ်သူတို့ ဆိုလေ့ရှိတဲ့ အတိုင်း အငြင်းပွါးဖွယ် ဒီ ဗိသုကာစတိုင်ဟာ ယခုခေတ်အခါမှာတော့ ပြန်လည် ထွေးပွေ့ခြင်း နှင့် တန်ဖိုးထားခြင်းကို ခံနေရပါပြီ။
Brutalism ရဲ့ ထင်ရှားတဲ့ လက္ခဏာရပ်တွေ ကတော့ သံကူကွန်ကရစ် (ကွန်ကရစ်ဗြက်ကြမ်းကြီးများ) ၊ မော်ဂျူလာ ဆောက်လုပ်ရေး ပစ္စည်း၊ သိသာတဲ့ ဂျီဩမတြီ ပုံစံအမျိုးမျိုးတို့ကို အဓိက အသုံးပြုကာ အသုံးဝင် မှုကို ဦးစားပေးတဲ့ ဗိသုကာလက်ရာဟန် တစ်ခုဖြစ်ပါတယ်။ 
 

Brutalism ဗိသုကာလက်ရာကို များသောအားဖြင့် ပြည်သူလူထုနဲ့ သက်ဆိုင်တဲ့ အဆောက်အဦ (ပြတိုက်များ၊ ကျောင်းများ၊ ချာ့ချ်များ၊ စာကြည့်တိုက်များ၊ ရုပ်ရှင်ရုံများ၊ အိမ်ရာ စီမံကိန်းများ) တွေမှာ အသုံးများပါတယ်။ ယခုခေတ်မှာတော့ကြည့်ရှုသူတွေရဲ့ စိတ်ကို အထူး လှုပ်ရှားစေတဲ့ လက်ရာ တစ်ခု ဖြစ်လာပါတယ်။
Brutalism ဗိသုကာဟန် ဟာ တချိန်က ဆိုရှယ်လစ်စံနှုန်းများ ကို ကြည့်ရှုသည့် ၂၀ ရာစု မြို့ပြသီအိုရီ နှင့် ရောယှက်လျက် ရှိပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ဗိသုကာလိုဘ တစ်ခုအဖြစ် ကမ္ဘာအနှံ အထူးသဖြင့် ဗြိတိန် နှင့် အရှေ့ဥရောပ ကွန်မြူနစ် နိုင်ငံများမှာ တစ်ခါတရံ အမျိုးသားဆိုရှယ်လစ် ဗိသုကာအသစ် တစ်ခု ဖန်တီးရန် အသုံးပြုခဲ့ကြပါတယ်။
 
Brutalism ရဲ့ အစ
 
အစကို ဆွဲထုတ်ဆိုတော့ ဘယ်သူက စ။ စာရေးသူရဲ့ အကြိုက်ဆုံး ဆွစ်-ပြင်သစ် ဗိသုကာပညာရှင်ကြီး လီကော်ဘူးစယေး (Le Corbusier) က စတင်ခဲ့ပါတယ်။ ကွန်ကရစ် အသုံးပြုမှုကို ချစ်နှစ်သက်တဲ့ ထို ဗိသုကာပညာရှင်ရဲ့ လက်ရာတွေကပဲ Brutalism ကို စတင် မွေးဖွားဖို့ ဖြစ်လာပါတယ်။ ပြင်သစ်နိုင်ငံ၊ မာဆေးမြို့မှာ ရှိတဲ့ သူရဲ့ ပရောဂျက်တစ်ခုဖြစ်တဲ့ Unite’ d’ Habitation မှ စတင်လာခဲ့ပါတယ်။ ၁၀ နှစ်အတွင်း ပထမဆုံး သူရဲ့ စီမံကိန်းတစ်ခုဖြစ်လာပါတယ်။ ဒုတိယကမ္ဘာစစ်ကြောင့် ဆေက်လုပ်ရေး နှောင့်နှေးမှု ရှိခဲ့ကာ ၁၉၅၂ ခုနစ်မှာမှ ပြီးစီးခဲ့ပြီး အလုပ်သမား လူတန်းစားတွေ အတွက် အိမ်ယာ တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီဇိုင်းပုံစံမှာ ကွန်ကရစ်ဗြက်ကြမ်းဘောင်များကို အခြေခံကာ တိုက်ခန်းများကို အံဝင်ခွင်ကျ ဒီဇိုင်းထုတ် ဖန်တီးထားပါတယ်။ လူပေါင်း (၁၆၀၀) နေထိုင်နိုင်ပြီး ထူးခြားတဲ့ အလှဆင်မှု မရှိတဲ့ ထို အဆောက်အဦဟာ အနာဂတ် Brutalism ဗိသုကာလက်ရာဟန်ကို အုတ်မြစ်ချခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
Brutalism ဟူသော စကားလုံး အသုံးကိုတော့ ဆွီဒင် ဗိသုကာပညာရှင် Hans Asplund က ၁၉၄၉ ခုနစ်မှာ သူ ဒီဇိုင်းဆွဲဖန်တီးထားသည့် Villa Goth ဆိုတဲ့ အုတ်အိမ်လေး တစ်ခုကို ဖော်ပြရာမှ စတင်လာပါတယ်။ တခြားသော အင်္ဂလိပ် ဗိသုကာပညာရှင်များ ဖြစ်ကြသည့် Alison နှင့် Peter Smiths တို့ကလည်း ထပ်လောင်း ထောက်ခံခဲ့ပါတယ်။ 
 
 
Brutalism ပြိုပျက်ခြင်း
 
၁၉၈၀ ပြည့်လွန်နှစ်များမှာ Bratalism ဟာ မျက်နှာသာမရ ဖြစ်ခဲ့ပါတယ်။ Brutalism ဟာ အာဏာရှင်ဆန်တဲ့ အငွေ့အသက်တွေ ပါဝင်နေတယ်လို့ ယူဆလာကြတာကြောင့်ပါ။ နောက်ထပ် တစ်ချက်ကတော့ Brutalism ကို ဖန်တီးတဲ့ ဆောက်လုပ်ရေး ပစ္စည်းများ ဖြစ်ကြတဲ့ ကွန်ကရစ် အကြမ်းထည်များဟာ ရေရှည်မခံခြင်း၊ မိုးရေဒဏ် မခံနိုင်ခြင်း နှင့် ယိုယွင်းပျက်စီးခြင်း တို့ ကြောင့်ဖြစ်ပါတယ်။
 
ဗြိတိန်စာရေးဆရာ Anthony Daniels (ကလောင်အမည် Theodore Dalrymple) ကတော့ သံကူကွန်ကရစ် Brutalism လက်ရာများကို ဖန်တီးသူတွေက အံ့ဩစရာကောင်းတယ်လို့ မှတ်ချက်ပေးပါတယ်။ သူက လီကော်ဘူးစယေးကို အပြစ်တင်ပါတယ်။ ကွန်ကရစ် အသုံးပြုမှု များခြင်းဖြင့် လီကော်ဘူးစယေးရဲ့ အဆောက်အဦလက်ရာဟာ မြို့ပြ သဘာဝ သဟဇာတ ကို ဖျက်စီးစေတယ်လို့ ဝေဖန်ခဲ့ပါတယ်။ တခြား တဖက်က ကြည့်ရင်တော့ ပန်ချီအနုပညာရှင်များက ကြိုက်နှစ်သက်တယ်လို့ ဆိုနိုင်ပါတယ်။ Graffiti ဆွဲတဲ့သူများအတွက် ထို ကွန်ကရစ် အကြမ်းထည် နံရံများဟာ ပြည့်စုံတဲ့ Canvas တစ်ခုဆိုတာ အထူး အငြင်းပွါးဖွယ် မရှိ။ ၁၉၈၀ နှစ်များ တစ်လျှောက်မှာ ဒီပုံစံဟာ High-tech ဗိသုကာလက်ရာဟန် နှင့် Post-Modern ဗိစုကာလက်ရာဟန်အတွက် လမ်းဖွင့်ပေးတဲ့ Deconstructivism ကို အစပျိုးဖို့ရာ ဖြစ်လာခဲ့ပါတယ်။
 
ယနေ့ခေတ် Brutalism 
 
လွန်ခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်း Brutalism အပေါ် စိတ်ဝင်စားမှု ရှိလာကြကာ တန်ဖိုးထား ကျေးဇူးတင်လာကြပါတယ်။ SOS Brutalism စာအုပ်အတွင်းမှာတော့ - Brutalism ကို မည်သို့ ချစ်ရမည်နည်း၊ ဆိုဗီယက် ဘတ်စ်ကား မှတ်တိုင်များနှင့် ယခုလို ရက်စက်ကြမ်းကြုတ်လာတဲ့ ကမ္ဘာကြီးမှာ ဗိသုကာ ကို ချစ်မြတ်နိုးဖို့သာ ဖြစ်သင့်ကြောင်း ရေးထားပါတယ်။ Phaidin’s Atlas of Brutalist Architecture အယ်ဒီတာ တစ်ဦးဖြစ်တဲ့ Virginia McLeod ကတော့ Brutalism ကို လူတွေဟာ အသစ်တဖန် ပြန်လည် စိတ်ဝင်စားလာပြီဆိုတဲ့ အကြောင်းကို သူ့ရဲ့ Instagram မှာ တင်ခဲ့ပါတယ်။
 

 
သူက Brutalism ဗိသုကာပညာကိုကျွန်တော်ပိုပြီးစိတ်ဝင်စားလာတယ်။ လူတွေကဒါကိုစိတ်လှုပ်ရှားပြီး ဂရပ်ဖစ်အရည်အသွေးကိုနှစ်သက်ကြပါတယ်။ #brutalism hashtag တွင်ရုပ်ပုံ ၅၀၀၀၀၀ ကျော်ရှိပြီး ထိန်းသိမ်းရေးအဖွဲ့ များသည် Brutalism လက်ရာများကိုသိမ်းဆည်းရန်ပိုမိုကြိုးစားလာကြပါတယ်။
Brutalism သည်အဘယ်ကြောင့်ဖက်ရှင်ကျ ခေတ်စား လာသည်ကို အတိအကျမသိသော်လည်း GQ မှ Brad Dunning က စိတ်ဝင်စားဖွယ်သီအိုရီတစ်ခုကို ချပြခဲ့ပါတယ်။ Brutalism ဗိသုကာပညာ ရဲ့ သိသိသာသာ ခြိမ်းခြောက်မှုများဟာ techno ဂီတလိုပါပဲ။ Brutalism အဆောက်အဦ များဟာ ထိန်းသိမ်းရန် စျေးကြီးပြီး ဖျက်ဆီးရန်ခက်ခဲသည်။ သူတို့ကအလွယ်တကူ ပြန်လည် ပြင်ဆင်မွမ်းမံ (သို့မဟုတ်) ပြောင်းလဲပစ်လို့ မရနိုင်ပါ။ ဒါကြောင့်သူတို့က ဗိသုကာ လမ်းတစ်ခု အတိုင်းနေဖို့သာရှိပါတယ်။ ငါတို့ ဖရိုဖရဲ နှင့်ပြိုလဲနေသော ကမ္ဘာတွင်ထာဝရတည်တံ့ခြင်းသည်အထူးသဖြင့်ဆွဲဆောင်မှုရှိသောကြောင့် ဖြစ်ပြီး ထိုလှုပ်ရှားမှုသည် တဖန် ပြန်လည် ခေတ်စား နေအုံးမှာ ဖြစ်ပါတယ်။
 
ချစ်ခြင်းများစွာဖြင့်
ဇော်ကိုကို (ဗိသုကာ)
 
[ စာဖတ်သူ တစ်ယောက် တောင်းဆိုလို့ ရေးပေးလိုက်ပါတယ်။ ]
 
Reference: Brutalism: what is it and why is it making a comeback?
Jessica Steward December4, 2018

Comments

Popular Posts