မေး ။ ။ ဆရာ ဗိသုကာ ကျောင်းပြီးရင် Construction မှာ လုပ်သင့်လား။ ဗိသုကာ Firm မှာ လုပ်သင့်လား။

 

ဖြေ ။ ။ တစ်ခုခုကို pros and cons တွဲ စဉ်းစားဖို့သာ ဆရာ ပထမဆုံး တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံ အကြောင်းပဲ ပြောပါရစေ။ ပြင်ပ ဗိသုကာ Firm တွေ အကြောင်းတော့ ဆရာ မပြောတော့ဘူး။ လက်ရှိ မြန်မာနိုင်ငံရဲ့ ဗိသုကာ Firm တွေမှာတော့ Assistant Architect (သို့) Architect ဆိုတဲ့ Position နဲ့ ဝင်ရောက် လုပ်နိုင်ပါတယ်။ ဒါက ရာထူးမျှသာပါပဲ။ တကယ် လုပ်ရတာတော့ Drafter အနေနဲ့ပါပဲ။ ကြာလို့ အတွေ့အကြုံ များ လာရင်တော့ တမျိုးပေါ့။ လစာငွေ အတော် နည်းပါမယ်။ တချို့ စစချင်းဆို အစိုးရ သတ်မှတ်တဲ့ အခြေခံ လုပ်ခ လစာထက် အနည်းငယ် သာ များတဲ့ လုပ်ခ လစာတွေနဲ့ တွေ့ရပါတယ်။ သူတို့ အပြောအရတော့ "ပညာသင်ပေးတယ်" ဆိုတာပါပဲ။ အဲ့တော့ "ပညာ" ဆိုတာပဲ လိုချင်ရင်တော့ သွားလုပ်ကြပါလို့ ဆိုပါရစေ။
 
ဆရာအနေနဲ့ အကြံပေးဆို Construction company တွေမှာသာ Architect position နဲ့ လုပ်ကိုင်ဖို့ တိုက်တွန်းပါတယ်။ ပြည်တွင်းမှာ ရှိနေတဲ့ Foreign Construction company တွေကို ကြိုးစားပါ။ လုပ်ခ လစာများမယ်။ နောက် နယ်ပယ် အသီးသီးက လုပ်ကိုင် ပုံတွေကို အတွေ့အကြုံ ရနိုင်မှာပါ။ ယနေ့ခေတ် အချိန်က One Man Hero လုပ်တဲ့ ခေတ် မဟုတ်တော့ပါဘူး။ တစ်ဦး နဲ့ တစ်ဦး ရဲ့ လုပ်ဆောင်မှု နဲ့ အခန်းကဏ္ဌ ကို နားလည် ဖို့ လိုပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းဆို အထူးပြောစရာ မလိုတော့ပါဘူး။ ဒါ့အပြင် လုပ်ပိုင်ခွင့်လည်း ကိုယ့် လုပ်ရည်ကိုင်ရည်ပေါ် မူတည်ပြီး အသိအမှတ်ပြုခံရမှာပါ။ ဒါကြောင့် Construction Company သာ ဆရာ့ အနေနဲ့ အကြံပြုလိုပါတယ်။
 
ချစ်ခြင်းများစွာဖြင့်
ဇော်ကိုကို (ဗိသုကာ)

Comments

Popular Posts